ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့်ပညာရေးမှူးရုံး တို့အား ချင်းဒေသကာကွယ်ရေးတပ်-ကန်ပက်
လက်(CDF-ကန်ပက်လက်)တပ်ဖွဲ့က စက်တင်ဘာလ ၂၇ရက်တွင် တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကို က ယနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီတပ်စွဲထားသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို စက်တင်ဘာလ(၂၇)ရက်နေ့ နံနက် ၁၀နာရီမှ မွန်း
လွဲ ၁ နာရီအထိတိုက်ခိုက်ခဲ့ပြီး၊ ပညာရေးမှူးရုံး၌ တပ်စွဲထားသောစစ်သားများကို မွန်းလွဲ ၂ နာရီမှ ညနေ ၃ နာရီအထိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထွေအုပ်ရုံးအား တိုက်ခိုက်မှုတွင် စစ်သားသုံး ဦးသေဆုံးခဲ့ပြီးရုံးအား သိမ်းပိုက်နိုင်ရန်ကြိုးပမ်းခဲ့သော်လည်း လက်လုပ်လက်နက်ကြီးတိကျမှုမရှိခြင်းနှင့် လက်နက်ကြီးပစ်ကူ၊ Droneပစ်ကူ မရှိခြင်းတို့ကြောင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။
ပညာရေးမှူးရုံးမှစစ်သားများအားတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုကို အတည်မပြုနိုင်ခဲ့ဘဲ
၊ CDF ကန်ပက်လက်တပ်ဖွဲ့ဝင်မျာ ထိခိုက်မှုမရှိခဲ့ကြောင်းအသိပေးထားသည်။
အဆိုပါစစ်ဆင်ရေးကို ဆယ်ရက်အကြာအောက်တိုဘာလ ၅ရက်တွင်မှရုပ်သံ ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။
ရုပ်သံမှတ်တမ်းသည် ၂ မိနစ် ၃၃ စက္ကန့်ကြာပြီး ကွန်မန်ဒိုဝတ်စုံပြည့်ဝတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်စွဲထားသည့် နေရာအား ပစ်ခတ်တိုက်ခိုက်နေသည်ဟုတွေ့ရသည်။ စစ်ကောင်စီတပ်ကိုလက်နက်ချရန်အော်ပြော၍ တိုက်ခိုက်ခဲ့သည်ကိုလည်းတွေ့ရသည်။
CDF -ကန်ပက်လက်က စစ်ကောင်စီတပ်ကိုတိုက်ခိုက်ပြီးနောက် မြို့အဝင်ဆိုင်းဘုတ်တွင် ချင်းပြည်နယ်အလံ နှင့် တပ်ဖွဲ့အလံတို့ကို လွှင့်ထူခဲ့သည်။
CDF – Kanpetlet သည် ယခုအခါ လက်နက်ခဲယမ်းဖြည့်ဆည်းနိုင်ရေး ကျပ်သိန်း ၅,၀၀၀ ရှာဖွေမည့် “ ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း ” ကန်ပိန်းပြုလုပ်နေသည်။