CDF -Lautu ရဲဘော်တစ်ဦးဖြစ်တဲ့ ဆလိုင်းအဲဇက်ဟာ အောက်တိုဘာလ ၁၉ ရက်နေ့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကင်ဆာရောဂါကြောင့် ကွယ်လွန်ကြောင်းသိရပါတယ်။
ဆလိုင်းအဲဇက်သည် တော်လှန်ရေး ကာလအတွင်း တိုင်းပြည်နဲ့လူမျိုးအတွက် CDF-Lautu တွင် ဗျူဟာမှူးတာဝန် ၂ နှစ် ထမ်းဆောင်ခဲ့ပြီး တာဝန်ကိုကြေပွန်စွာထမ်းဆောင်ခဲ့ကြောင်း သိရပါတယ်။
ယခုလက်ရှိအချိန်တွင် မူဝါဒရေးဆွဲရေးကော်မတီအတွင်းရေးမှူးတာဝန်ထမ်းဆောင် ရင်း တိုင်းပြည်နဲ့လူမျိုးအတွက် ရောဂါခံစားရသူဖြစ်သော်လည်း တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့ပါတယ်။
သို့သော်လည်း သူဟာ သွေးကင်ဆာကြောင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဆေးကုမှု ခံယူနေရင်း တိုင်းပြည်နဲ့လူမျိုးအတွက် ယနေ့ အောက်တိုဘာလ ၁၉ နေ့တွင် ဆုံးပါးသွားခဲ့ကြောင်း သိရပါတယ်။