ချင်းပြည်နယ်၊ မတူပီမြို့ အခြေစိုက် စစ်ကောင်စီ စစ်ဗျူဟာစခန်းမှ တပ်ကြပ်ကြီး ထွန်းဇော် နဲ့ ဒုတပ်ကြပ် ဝေလွင် တို့ဟာ သြဂုတ်လ(၂၈)ရက်နေ့တွင်CDF-Matupiထံ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာကြတယ်လို့သိရတယ်။
၎င်းတို့နဲ့အတူ MA 1 သေနတ်တစ်လက်၊ MA 2 သေနတ်တစ်လက်၊ လက်ပစ်ဗုံး (၂)လုံး၊ ကျည်ဆံ (၃၅၀) တောင့်၊ ကျည်ဘောက် ၈ ခု တို့နဲ့အတူ အလင်းဝင်လာလို့ တစ်ဦးကို ကျပ်သိန်း (၆၀)စီချီးမြင့်ခဲ့ကြပါတယ်။
တပ်မတော်သားများနှင့် ရဲသားများ လက်နက်ခဲယမ်းနှင့်အတူ CDF.Matupi ထံ CDM ပြုလုပ် အလင်းဝင်လာပါက ထိုက်သင့်သော ဆုငွေ ချီးမြင့်ပြီး လုံးခြုံးရေး နှင့် အခြားလိုအပ်ချက်များကို တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ပါ၍ အချိန်မရွေး မိမိတို့ CDF-Matupi မှ ကြိုဆိုကြောင်း ထုတ်ပြန်ထားပါတယ်။