ဇန်နဝါရီလ 24 ရက်နေ့တွင် IU သည် ၎င်း၏တရားဝင် SNS ချန်နယ်တွင် pre-release song “Love Wins All” သီချင်းအတွက် တေးဂီတဗီဒီယိုအသစ် ထွက်ရှိလာခြင်းဟာ သတင်းခေါင်းစီးပိုင်းများတွင် နေရာယူခဲ့သည်။
MV ထွက်ရှိပြီးသည်နှင့် တပြိုင်နက် UAENA (IU’s fandom) နှင့် သီချင်းနားထောင်သူများသည် IU နှင့် BTS ၏ V တို့၏ ထူးချွန်ပြောင်မြောက်သောသရုပ်ဆောင်မှုများနှင့် ဒါရိုက်တာ Uhm Tae-hwa ဖန်တီးထားသော လှပသောပြကွက်များကို ချီးကျူးဂုဏ်ပြုခဲ့ကြသည်။
ယခုအခါ ဒါရိုက်တာ Uhm Tae-hwa က MVရဲ့ အဓိပ္ပာယ်တစ်ခုချင်းစီအကြောင်းကို အင်တာဗျူးတိုလေး နဲ့ ပြောပြခဲ့ပါတယ်
– Nemoလို့ခေါ်တဲ့ လေးထောင့်တုံးရဲ့ အကြောင်းနဲ့ သူ့ရဲ့ရည်ညွှန်းချက်
“Square ဟာ အဓိကဇာတ်ကောင်များ ရင်ဆိုင်နေရသော ခွဲခြားဆက်ဆံခံရခြင်းကို ကိုယ်စားပြုပြီး ကျွန်ုပ်တို့နေ့စဉ်ဘဝတွင် ခံစားနေရတဲ့ အမျိုးမျိုးသော ခွဲခြားဆက်ဆံမှုနဲ့ ဖိနှိပ်မှုအမျိုးမျိုးကို ရည်ညွှန်းတယ်လို့ ပြောနိုင်ပါတယ် “
– KEY ITEM “Camcorder ရဲ့ အဓိပ္ပာယ်
“MV ထဲက အခုလက်ရှိအချိန်ဖြစ်နေပေမယ့်လည်း cameraမှာ ရိုက်ကူးထားတဲ့ Screenပေါ်က အကြောင်းအရာတွေကတော့ အခုလို ပျက်စီးမသွားမီအချိန်က ကောင်းမွန်သောကမ္ဘာတစ်ခုကို ရည်ညွှန်းတာဖြစ်တယ်
ကင်မရာမှန်ဘီလူးများကအချစ်စစ်ကို filter ခံပေးထားလိုက်သလို ဆိုလိုတာဖြစ်တယ်
၎င်းက ဇာတ်ကောင်တွေရဲ့ အတွင်းပိုင်း (သို့) ပြင်ပအသွင်အပြင်ထက် ကမ္ဘာပေါ်မှာရှိတဲ့ လှပသောအရာများကို ကြည့်ရှုနိုင်မယ့် အရေးကြီးသောကိရိယာတစ်ခုအဖြစ် ရှုမြင်နိုင်ပါတယ်
ကင်မရာလောကမှာ သူတို့ဟာ ယခုလက်တွေ့ဘဝကဲ့သို့ ရှုတ်ထွေးနေမယ့်အစား သပ်ရပ်သောပုံစံနဲ့မြင်နိုင်တယ်.
ဇာတ်ကောင်တွေဟာ လှပစွာပြင်ဆင်ထားပြီး တောက်ပြောင်သောဝတ်စုံနှင့် Tuxedo တို့ကိုဝတ်ထားပြီး အရသာရှိသောအစားအစာများကိုစားကာ ပျော်ရွှင်မှုကိုခံစားနိုင်ကြတယ် “