– ဇာတ်ကောင်တွေရဲ့ အသွင်အပြင်
” ဇာတ်ကောင်များရဲ့အသွင်အပြင်အကြောင်းကိုလည်း လူတော်တော်များများက စိတ်၀င်စားကြပါတယ်
ဒီMVမှာ သင်္ကေတများစွာပါရှိပြီး ‘ စကားမပြောနိုင်တဲ့သူ၁ယောက်နဲ့ သူ့ရဲ့ ကျန်ရှိနေတဲ့ဘယ်ဘက်မျက်လုံးဖြင့်သာ ကမ္ဘာကြီးကို မြင်နိုင်သူ၁ယောက်တိုရဲ့ ဆင်းရဲဒုက္ခတွေနဲ့ တရားမျှတမှုမရှိတဲ့ကမ္ဘာမှာ ရှင်သန်နိုင်ဖို ကြိုးစားကြတဲ့ဇာတ်လမ်း’ (dystopian world survival story )အဖြစ်လည်း ရှုမြင်နိုင်တယ်
IU ရဲ့ နှုတ်ခမ်းကို အနီးကပ်ကြည့်လိုက်ရင် သံကြိုးငယ်တစ်ခုကိုချိတ်ဆွဲထားတာ တွေ့ပါလိမ့်မယ်
ဒါက သူမဟာ ကမ္ဘာကြီးနဲ့ ဆက်သွယ်တဲ့နေရာမှာ အခက်အခဲရှိနေတယ်ဆိုတာကို ဖော်ပြချင်တာပါ
Vကလည်းသူ့ရဲ့ဘယ်ဘက်မျက်လုံးမှာ အဖြူရောင်မျက်ကပ်မှန်ကိုတပ်ဆင်ထားပြီး အမြင်အာရုံချွတ်ယွင်းနေပုံရပါတယ်
ဘယ်လိုပဲဖြစ်ဖြစ် ၎င်းတိုနှစ်ဦးသည် ‘Square’ မှဖျက်စီးသွားသော တရားမျှတမှုမရှိတဲ့ကမ္ဘာကြီးမှာ အခက်အခဲများကို ကျော်လွှားရန် တဦးအပေါ်တဦး မှီခိုပြီး အဆုံးစွန်အထိ အတူတူရင်ဆိုင်သွားကြတယ် “
– ဘာလို မင်္ဂလာဝတ်စုံနဲ့ ကုတ်အင်္ကျီလည်း ?
” IU နဲ့ V တိုဟာ အပျက်အစီးတွေကနေ မင်္ဂလာဝတ်စုံနဲ့ ကုတ်အင်္ကျီ ကို ရွေးချယ်ခဲ့ကြပါတယ်
ဒီမှာတော့ မင်္ဂလာဝတ်စုံနဲ့ ကုတ်အင်္ကျီ က ‘အချစ်ရဲ့အသီးအပွင့်’ ကို ကိုယ်စားပြုပါတယ်
MVမှာ သူတိုနှစ်ဦးဟာ အပြင်ကမ္ဘာက သူတိုရဲ့နေ့စဉ်ဘ၀မှာ လုပ်ဖိုခက်ခဲတဲ့အရာတွေဖြစ်တဲ့ ဒီအဝတ်အစားဝတ်တာ၊ ဓာတ်ပုံရိုက်တာ၊ သီချင်းဆိုတာ၊ ရယ်မောပျော်ရွှင်တာတွေကို လုပ်ခြင်းအားဖြင့် ပျော်ရွှင်မှုအခိုက်အတန့်တွေကို အတူတူခံစားကြပါတယ်
သိုသော် နောက်ဆုံးမှာ Square ရဲ့ လိုက်ရှာခြင်းခံရပြီးနောက် သူတိုနှစ်ဦး အငွေ့ပျံ ပျောက်ကွယ်သွားကာ ၎င်းတိုဝတ်ထားသည့် အဝတ်အစားများသာကျန်ရှိတော့တယ်
နှစ်ယောက်သား လေထဲကိုတက်သွားတယ်ဆိုတာ ဖိနှိပ်မှုအမျိုးမျိုးတိုကနေ နောက်ဆုံးမှာ ၎င်းတို လွတ်လွတ်လပ်လပ် ပျံသန်းသွားနိုင်ကြတယ်လိုဆိုလိုချင်တာ ဖြစ်ပါတယ် “
Director Uhm Tae-Hwa ဟာ ဒီ MV ရိုက်ကူးခဲ့တဲ့အတွက်ရော , “Concrete Utopia” ရုပ်ရှင် ရိုက်ကူးခဲ့တဲ့အတွက်ရော review ကောင်းမြောက်များစွာ ရရှိခဲ့ပါတယ်
Director က IU နဲ့ ၅နှစ်အကြာမှာ ထပ်လက်တွဲပြီး ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်.. လွန်ခဲ့တဲ့ ၂နှစ်တုန်းကလည်း IU က concert VCR ရိုက်ကူးဖိုဆက်သွယ်ခဲ့တာ ဖြစ်ပြီး ဒီလို ကမ်းလှမ်းခံရတာက ကျနော့်ကို အလုပ်ပိုကြိုးစားလုပ်ဖို တွန်းအားဖြစ်စေခဲ့တာပါ
အခုဒီ MV ကလည်း ကျနော့်ကို director အနေနဲ့ ရိုက်ကွင်းမှာပျော်ရွှင်စေတဲ့အရာတွေကို အမှတ်ရစေခဲ့တဲ့ project ၁ခု ဖြစ်ပါတယ်