
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် နိုင်ဘာလ ၁၅ ရက်နေ့ နံနက် ၂ နာရီတွင် နမ့်ချီမှော် ပတ်ဝန်းကျင်ရှိ KIA သရက်မှော်စခန်းကို စစ်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးလာကျဲသွားကြောင်း ဒေသခံများနှင့်ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
“ညကြီးမင်းကြီး ၂ နာရီလောက် လေယာဉ်သံကြားရတယ်။ နောက်ပြီး ဗုံးကျဲသံနဲ့ ပစ်သံလည်းကြားရတယ်။ နမ့်ချီမှော်ဘက်လို့ ကြားတယ်။ အခုမနက်မှ သိရတာ KIA စခန်း ကုန်းတစ်ခုကို လာပစ်တာလို့ပြောတယ်။ သရက်မှော်ဘက်က စခန်းလို့ပြောတယ်။ လူထိခိုက်တာတော့ မကြားမိသေးဘူး။ အဲဒီမှာ KIA စခန်းက လူရှိလား မရှိလားလည်း မသိဘူးဗျ” ဟုမိုးညှင်းဒေသခံတစ်ဦးကပြောသည်။
အလားတူ ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၈ နာရီ ၅ မိနစ်အချိန် ဗန်းမော်မြို့နယ်၊ ပရဟိတကန်လမ်းရှိ စကခ ၂၁ မှ ကင်းလှည့်ထွက်လာသော စစ်ကောင်စီယာဉ်တန်းကို U.R.F ဗန်းမော်မြို့ပြပျောက်ကြားတော်လှန်ရေးအင်အားစုက မိုင်း ၂ လုံးဆွဲ၍ တိုက်ခိုက်ကြောင်း၊ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း U.R.F က သတင်းထုတ်ပြန်သည်။
အလား စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင်လည်း နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၂ နာရီရှိတွင် မော်တိတ်ရဲစခန်းကို PDF နတပ်များက မီးရှို့လိုက်ကြောင်း၊ ရဲကင်းစခန်း ၃ ခုအနက်မှ ၂ ခုကို မီးရှို့ပြာချလိုက်ကြောင်း အင်းတော်တော်လှန်ရေးကင်းထောက်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ စစ်လေယာဉ်များ။