
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အင်ငုတ္တိုကျေးရွာမှ ဦးသိန်းလင်းကို စစ်ကောင်စီတပ်များက အောက်တို ဘာလ ၃၀ ရက်နေ့တွင် ဖမ်းဆီးပြီး လယ်ကွင်းထဲတွင် ညှဉ်းပန်းနှိပ်စက် ပစ်သတ်ခဲ့ကာ အလောင်းကို အောက် တိုဘာလ ၃၁ ရက်နေ့တွင် ပြန်လည်တွေ့ရှိရကြောင်း ဒေသခံများနှင့်ဒေသကာကွယ်ရေးတပ်ထံမှ သိရှိရသည်။
အောက်တိုဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကန့်ဘလူမြို့နယ်၊ အင်ငုတ္တိကျေးရွာသို့ ဝင်ရောက်စီးနင်းခဲ့ပြီး ဦးသိန်းလင်းကို ဖမ်းဆီးသတ်ဖြတ်သွားကြောင်း၊ အခြားကျေးရွာသားတစ်ဦးလည်း ပြင်းပြင်း ထန်ထန်ဒဏ်ရာရရှိသွားကြောင်း ကန့်ဘလူဒေသကာကွယ်ရေးတပ်က ပြောသည်။
အလားတူ အကြမ်းဖက်စစ်ကောင်စီတပ်များသည် အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီအချိန် ရှမ်း ပြည်နယ်နှင့်ကယားပြည်နယ်အစပ် ဖယ်ခုံမြို့၊ညောင်ကုန်းရပ်ကွက်အတွင်းသို့ စစ်ကောင်စီအင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းပြီး ပြည်သူ ၄ ဦးကို PDF အမည်တပ်ကာ ဖမ်းဆီးသွားကြောင်း သိရှိရသည်။
ယင်းသို့ ကျေးရွာကို ဝင်ရောက်စီးနင်းရာတွင် အကြမ်းဖက်စစ်တပ်က နေအိမ် များကို ဖျက်ဆီးဝင်ရောက်ခြင်း၊ ဖြိုချဖျက်စီးခြင်း၊ပစ္စည်းများသိမ်းယူခြင်း၊ ရပ်ကွက် နေပြည်သူများကိုသေနတ်ဖြင့်ချိန်ရွယ်ခြင်း၊ဝမ်းလျှားမှောက်ခိုင်းပြီးစစ်ဆေးခြင်း၊PDFနာမည်တပ်ဖမ်းဆီးခြင်းတို့ပြုလုပ်ခဲ့ကြောင်း၊ ညောင်ကုန်း ၁ ရပ်ကွက်မှ နေအိမ်တချို့ဖြိုချဖျက်ဆီးကြကြောင်း၊ညောင်ကုန်း ၂ ရပ်ကွက်မှ နေအိမ်တချို့ကိုလည်း ဖျက်ဆီးဝင်ရောက်ရှာဖွေခံရကြောင်း ဖယ်ခုံ PDF က ပြောသည်။
ဓာတ်ပုံ- ဖယ်ခုံမြို့နယ်၊ ညောင်းကုန်းရပ်ကွက်များတွင် စစ်ကောင်စီတပ်များက ဝင်ရောက်ဖျက်ဆီး ပြည်သူပိုင်များကို လုယူ ခိုးယူသွားစဉ်။