
ယနေ့ နိုဝင်ဘာလ ၁၆ ရက်နံနက်တွင် ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၃၏ စခန်း ၁ ခုအား စစ်ကောင်စီဘက်မှ ထိုးစစ်ဆင် ဝင်ရောက်စီးနင်းသဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ဆေးတပ်ဖွဲ့မှ အမျိုးသမီးရဲဘော် ၈ ဦး ဖမ်းဆီးခံလိုက်ရကြောင်း Kalay-PDF ထံမှ သိရသည်။
ယနေ့နံနက် ၉ နာရီအချိန်ခန့်မှ စတင်၍ ကလေးမြိုနယ်အနောက်တောင် ဇီးချောင်းတဝိုက်မှ စစ်ကြောင်းထိုးလာသော လူသတ်အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် PDF (Kalay) တပ်ဖွဲဝင်များ ထိတွေ့ပြီး တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။