
နိုဝင်ဘာ(၂)ရက်ညပိုင်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကလေး-ဂန့်ဂေါလမ်းပိုင်းမှာ ကလေး ဒကစ-ဗိုလ်မှုးသန်းနိုင်ရဲ့ ရည်စားဒလန် အမျိုးသမီးမောင်းလာတဲ့ ကားကို ကလေးPDF က တားဆီးရာ ရပ်မပေးတဲ့အတွက် သေနတ်နဲ့ပစ်ခတ်ပြီး သုတ်သင်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်မှူး သန်းနိုင်ဟာ သူ့ရည်းစားသေဆုံးခဲ့တဲ့အတွက် မြို့နယ်အတွင်းက ကျေးရွာတွေကို အင်းအားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ကလေးPDFတာ၀န်ရှိသူတစ်ယောက်က ပြောပါတယ်။
“ဒကစ-ဗိုလ်မှုးသန်းနိုင်ကောင်မလေးပါ၊ကျနော်တို့က ကလေး-ဂန့်ဂေါလမ်းမှာ ကားကိုတားတာ၊ရပ်မပေးလို့ ရှင်းလိုက်တာ၊အဲ့ဒါကို သန်းလှိုင်က တနှာစိတ်လွန်ကဲပြီးမကျေမနပ်ဖြစ်နေတာကနေ ရွာတွေကို လက်နက်ကြီးနဲ့ထုပြီး အင်အားအလုံးအရင်းနဲ့ဝင်နေတာ”လို့ ကလေးပြည်သူ့ကာကွယ်ရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ဒကစ-ဗိုလ်မှုးသန်းနိုင်ရဲ့ ကောင်မလေးကို ကလေးPDF တပ်ဖွဲ့က ပစ်သတ်ခဲ့ပြီးနောက် ဗိုလ်မှူးသန်းနိုင်ကိုယ်တိုင်ဦးဆောင်ပြီး နတ်မြောင်း၊နတ်ချောင်းကျေးရွာတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
အခုလို စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့ကြားကမိုင်းရှာဖွေတဲ့စကစ(၄)ယောက်ကိုကလေးPDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် (၃)ယောက်သေပြီး တစ်ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ ဒကစ-ဗိုလ်မှုးသန်းနိုင် က စစ်ကြောင်းတွေဆက်ထိုးနေတဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရသလို စစ်ကောင်စီတပ်သားသေဆုံးမှုလည်းများပြားနေတယ်လို့ ဒေသခံတွေကပြောခဲ့တယ်လို့ သိရပါတယ်။