
ဒီနေ့မနက် ၁၀ နာရီလောက်က ဖမ်းဆီးခံထားရသည့် ဆေးတပ်ဖွဲ့ဝင် ၈ဦးကို ခေါ်ဆောင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို PDF ကလေးတပ်ဖွဲ့ဝင်တွေက နဂါးပွက်ရွာအတွင်းသွားရောက် တိုက်ခိုက်ခဲ့တဲ့အတွက် ၂ ဘက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ကလေးနည်းပညာတက္ကသိုလ်ထဲမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နဂါးပွက်ရွာ ဘက်ကို လက်နက်ကြီးနဲ့ကူပစ်ပေးနေတယ်လို့လည်း သိရပါတယ်။
“တပ်ရင်း ၃ ဆေးတပ်ဖွဲ့ကရဲဘော်တွေကိုဖမ်းထားတဲ့ တပ်က နဂါးပွက်ရွာထဲတပ်စွဲထားတယ်၊ PDF ကလေးတပ်ဖွဲ့ဝင်က သွားပစ်တာကနေ တိုက်ပွဲဖြစ်ကြတယ်။ သူတို့က လက်နက်ကြီးတွေနဲ့ ကူပစ်တာတွေလုပ်ကြတယ်၊ ကလေးဘက်ကို စစ်ကူလာတဲ့ ကားတွေကိုချင်းဆိုင်ရွာနားမှာ မိုင်းခွဲလိုက်တာ ၁၅ ယောက်လောက်တော့ သေတယ်လို့သိရတယ်” လို့ပြောပါတယ်။
နေ့လည် ၂ နာရီလောက်က ချင်းဆိုင်ရွာထဲကိုဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်စီးနေတယ်လို့လည်း သိရပါတယ်။
PDF ကလေးတယ်လီဂရမ်မှာတော့ ကလေးမြို့ဆေးရုံကြီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်း ၁၅ လောင်းရောက်ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။