
ယနေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြိုရှိ စစ်ကောင်စီလက်အောက်ခံ အမှတ် ၆၄၄ စစ် လက်နက်ပစ္စည်းတပ်ရင်းကို PDF Zoland နှင့် CDM – Siyin( CDF-KKG တပ်ရင်း ၂) ပူးပေါင်း အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။
ယမ်းသိုလှောင်ရုံ တချို့ပေါက်ကွဲပျက်စီးမှုများရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း၊ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များအားလုံး ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။