
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်တပ်မတော်MNDAA က မြန်မာစစ်သားအ လောင်း နှင့်လက်နက်များကို သိမ်းဆည်းရမိကြောင်း MNDAA ၏ ပြန် ကြားရေး The KoKang က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ ကိုးကန့်တပ်များက စစ် မြေပြင်ကို သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ တပ်မ ၉၉ က စွန့်ပစ်ထားသော မြန်မာစစ်သား၏ ရုပ်အလောင်း တွေ့ရှိရကြောင်း ၊ မြန်မာ စစ်သားတစ်ဦး၏ ရုပ်အလောင်းကို စစ်တပ် ကျန်းမာရေး ဌာနမှ ထုတ် ပေးသည့် ကာကွယ်ဆေးထိုးထားသော လက်မှတ်ကိုလည်း တစ်ပါတည်း တွေ့ရကြောင်း၊ အောက်တို ဘာ ၁၉ ရက်နေ့ကလည်း မြန်မာစစ်တပ်မှ လက်နက်ကြီးများ သိမ်းဆည်းရမိခဲ့ကြောင်း၊ သတင်းထုတ်ပြန်ထားသည်။