
ယနေ့မနက် ၈:၁၅ အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့ အင်းရဲလမ်းဆုံရှိ စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့သည်ဟု ဒေသခံများထံမှ သတင်းပေးပို့လာပါသည်။ထိခိုက်မှုကို မသိရသေးပါဟု ပြောကြားသည်။
ကျုံပျော်မြို့သည် စစ်တပ်က မြို့တွင်းတွင် တည်ရှိနေသော မြို့ဖြစ်သည်။ပြီးခဲ့သည် လပိုင်းနှင့် ယခုရက်ပိုင်းတွင် ဆိုင်ကယ် စီးနင်းပြည်သူများအား အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးလျှက်ရှိနေသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကျုံပျော်မြို့သည် ခုခံတော်လှန်စစ်ကို ဧရာဝတီတိုင်းတွင် ပထမဆုံးလက်နက်စွဲကိုင်တော်လှန်သည့်မြို့ ဖြစ်ခဲ့သည်။
၎င်းကြောင့် စစ်ကောင်စီ၏ ဖိနှိပ်ခြင်းကို နေစဉ်နှင့်အမျှ ခံနေရပြီး မတရားဖမ်းဆီးမှုများကိုလည်း မကြာမဏ ကြုံတွေ့နေရသည်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် စစ်ကောင်စီသည် ထင်ရာဖမ်းဆီးခြင်းမျိုးများ ပြုလုပ်တတ်သဖြင့် မြို့နေပြည်သူများအနေဖြင့် လုံခြုံရေးဂရုပြုကြရန် တိုက်တွန်းအပ်ပါသည်။