
ဒီနေ့မနက်ပိုင်းမှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ရှိ မြို့နယ်လျှပ်စစ်ရုံး(EPC) ကို အဝေးထိန်း ဗုံနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယလို့ 21 ပြောက်ကျားတပ်ဖွဲ့ (ကျောက်ပန်းတောင်း) ဆီကသိရပါတယ်။
ပေါက်ကွဲမှုကြောင့် အဆောက်အဦးတချို့ပျက်စီးခဲ့ပြီး လူထိခိုက်တာမရှိပေမယ့် ဖောက်ခွဲမှုကို ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်မတော်နဲ့ KPG Complex UG အဖွဲ့တို့ရဲ့ နည်းပညာ အကူညီနဲ့ 21KPG က ဦးဆောင် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ 21 ပြောက်ကျားတပ်ဖွဲ့ (ကျောက်ပန်းတောင်း) ဆီကသိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက ပိတ်ဆို့စစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ပတ်သက်သူတွေ၊ အဆောက်အဦးတွေနဲ့ သတင်းပေးဒလန်တွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။