
နို၀င်ဘာ ၅ ရက်နေ မနက် ၅ နာရီကျော်လောက်က ကျောင်းကုန်းမြို့နယ် ဒိုးတန်းကျေးရွာက Mytel ဆက်သွယ်ရေး System ပုံးကို ကျောင်းကုန်းပြောက်ကျားတပ်ဖွဲ့ ဖောက်ခွဲခဲ့ တယ်လို့ သိရပါတယ်။
မိုင်းခွဲဖျက်ဆီးခံရတဲ့ တာဝါတိုင်ကတော့ အောက်ခြေစက်ပုံးအားလုံးနဲ့ ဆိုလာပြားတွေအားလုံးပျက်စီးသွား တယ်လို့ ဆိုပါတယ်။
ကျောင်းကုန်းမြို့မှာ Mytel တာဝါတိုင် တိုက်ခိုက်ခံရပြီး စစ်တပ်နဲ့ရဲတွေ အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်ဆောင်ကာ ကင်းလှည့်စစ်ဆေးနေတယ်လို့ ကျောင်းကုန်မြို့ခံတွေက ပြောပါတယ်။
“ကျောင်းကုန်းမှာ Mytel တာဝါတိုင် တိုက်ခိုက်တာတွေ ၃ ကြိမ်ရှိပြီး၊ ရွာတွေမှာ ဖြစ်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ စစ်ဆေးရေးတွေ အထူးတင်းကြပ်နေချိန်ဖြစ်ပြီး မတရားအဓမ္မဖမ်းဆီးတာ တွေလည်း ရှိနေချိန် အခုလို ဖောက်ခွဲ ဖျက်ဆီးလိုက်တာလို့ ကျောင်းကုန်းပြောက်ကျားအဖွဲ့က ဆိုပါတယ်။
ကျောင်းကုန်းမြို့မှာ စစ်တပ်ပိုင် Mytel တာဝါတိုင်တွေကို အောက်တိုဘာလမှာ ၂ ကြိမ်နဲ့ နို၀င်ဘာလမှာ တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ စစ်အုပ်စုပိုင် Mytel တာဝါတိုင်တွေ ဖျက်ဆီးခံရတာ အကြိမ် ၂၀ ကျော်ထိ ရှိလာပြီလို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ မှတ်တမ်းများအရ သိရပါတယ်။
ဧရာ၀တီတိုင်းမှာ တာဝါတိုင်၊ တိုက်တာတွေ၊ ရုံးတွေ ဗုံးပေါက်ခွဲတာတို့ ၊ဒလန်ရှင်းလင်းတာတို့ကို တိုးမြင့်လုပ်ဆောင်လာတယ်လို့လည်း ဆိုပါတယ်။