
နိုဝင်ဘာ ၆ ည ၈နာရီဝန်းကျင်ခန့်က ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဂျင်မီ၏နေအိမ်ကို PDF Twantay Ranger အဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဝင်ရောက်ပစ်ခတ်စဥ် ကလေးသူငယ်များရှိနေခြင်း ၊ စစ်ကောင်စီသတင်းပေးမဟုတ်သူဟု ယူဆရသောလူများပါ နေအိမ်မှာရှိနေခဲ့တာကြောင့် ရှောင်တိမ်းပစ်ခတ်ခဲ့ရတယ်လို့ PDF Twantay Ranger မှ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ပြည်သူများအနေဖြင့် အုပ်ချုပ်ရေးမှူးများ ၊ သတင်းပေးဒလန်များနှင့် နီးကပ်စွာမနေကြရန် အဆိုပါ အဖွဲ့၏ လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာတွင် သတိပေးထုတ်ပြန်ထားပါတယ်။ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဂျင်မီဟာ စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသူဖြစ်ပြီး ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဟာလဲ အကြိမ်ကြိမ် ပေါက်ကွဲမှုများ ဖြစ်ပေါ်နေတာကြောင့် အတားအဆီးအကာအရံများ ပြုလုပ်ထားရပါတယ်။
ပစ်ခတ်မှုကြောင့် ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ ကနဦးသိထားရပါတယ်။
စစ်ကောင်စီတပ်များဟာ ကျွန်းတော ၊ မိုးညင်း ၊ ကန်သာယာ နှင့် မြို့ရှောင်လမ်းများတွင် စစ်ဆေးမှုများ ပြုလုပ်နေတယ်လို့လည်း သတင်းရရှိပါတယ်ခင်ဗျာ။