
ယမန်နေ့ည ၉နာရီဝန်းကျင် အချိန်ခန့်က တွံတေးမြို့နယ် ကျွန်းဘက်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးချစ်ဝင်း၏ နေအိမ်တွင် ပစ်ခတ်မှုတချို့ ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ကျွန်းဘက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချစ်ဝင်းဟာ စစ်ကောင်စီသတင်းပေးဟုလည်း နာမည်ကြီးနေသူဖြစ်ပြီး နေအိမ်တွင် ဝင်ရောက် ပစ်ခတ်မှုဖြစ်ပွားစဥ် ဦးချစ်ဝင်း၏ အသက် ၂၅ နှစ် ဝန်းကျင်အရွယ်(ခန့်မှန်း) သားဖြစ်သူအား ကျည်ထိမှန်ခဲ့ပြီး ရရှိသော ဒါဏ်ရာဖြင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျွန်းဘက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချစ်ဝင်းဟာလည်း ဓားဖြင့် အခုတ်ခံရကာ လက်ပြတ်သွားခဲ့တယ်လို့ သိရပြီး ကျွန်းဘက်ကျေးရွာ ရာအိမ်မှူး ဆိုသူမှာလည်း ဓားဒဏ်ရာတစ်ချို့ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့သလဲဆိုတာကိုတော့ အတည်မပြုနိုင်သေးပါခင်ဗျာ။