
မနေ့ညက ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကြာအင်းကျေးရွာက ပျူစောထီးအဖွဲ့ဝင်လို့ နာမည်ထွက်နေတဲ့အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရပါတယ်။
ကြာအင်းကျေးရွာအုပ်စုက သူရဲတောင်ရွာနဲ့ ကင်းရှေ့ရွာဆက်သွယ်ထားတဲ့ ကြိုးတံတားပေါ်မှာ ကိုထိုက်လို့ခေါ်တဲ့အမျိုးသားဟာ မနေ့ည ၆ နာရီဝန်းကျင်က ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကိုထိုက်နဲ့ အဖော်ဖြစ်သူအမျိုးသားတို့ဟာ ဆိုင်ကယ်နဲ့ ကြိုးတံတားကို ဖြတ်ချိန်မှာ အဖော်ပါလာသူအမျိုးသားက လမ်းဆင်းလျှောက်နေချိန် သေနတ်နဲ့ ၇ ချက်ပစ်သတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ညတွင်းချင်းအလောင်းလိုက်ရှာခဲ့ပေမယ့် မနက်ပိုင်းမှပြန်လည်တွေ့ရှိပြီး သယ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ကိုထိုက်ဟာ ရွာမှာ စစ်ကောင်စီသတင်းပေးလို့ လူသိများသလို ပျူစောထီးအဖွဲ့ဝင်လို့လည်း နာမည်ထွက်နေသူဖြစ်တယ်လို့ သိရပါတယ်။ ဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ လက်ရှိအချိန်အထိမသိရသေးပါဘူး။
ဓာတ်ပုံ – ကင်းရှေ့-သူရဲတောင်ကြိုးတံတား