
စစ်အာဏာသိမ်းမှုကိုအပြင်းထန်ဆုံး ဆန့်ကျင်တွန်းလှန်ဒေသတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်း၊မြောင်မြို့နယ် အတွင်း အခြေခံပညာစာသင်ကျောင်း ၂၂ ကျောင်းကို အောင်အောင်မြင်မြင်ဖွင့်လှစ်နိုင်ထားပြီလို့ မြောင်ပညာရေးကွန်ရက်က ဒီနေ့မနက်ပိုင်း အသိပေးထုတ်ပြန်လာပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ၂၂ ကျောင်းမြောက် အခြေခံပညာစာသင်ကျောင်းကို ဖွင့်ပွဲလုပ်ခဲ့တာဖြစ်ပြီး ဖွင့်လှစ်လိုက်တဲ့စာသင်ကျောင်းဟာ အထက်တန်းအဆင့်သင်ကြားနိုင်တဲ့ စာသင်ကျောင်းဖြစ်တယ်လို့လည်းသိရပါတယ်။
မြောင်မြို့နယ်အတွင်း စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ ကျေးရွာ ကျောင်းကော်မတီတွေ ဖွဲ့စည်းပြီးဆောင်ရွက်ကြတာပါ။
ကျောင်းသူ ၊ကျောင်းသားတွေကို ပညာသင်ကြားပေးဖို့အတွက် CDM ဆရာ၊ဆရာမတွေ၊စေတနာနဲ့ဝင်ရောက်လုပ်ကိုင်ပေးတဲ့ ဆရာ၊ဆရာမတွေပါဝင်ကြတယ်လို့ သိရပါတယ်။
ဒီလို မြောင်မြို့နယ်အတွင်းစာသင်ကျောင်းတွေ. ဖွင့်လှစ်နိုင်တာဟာ ရပ်တန့်နေတာကြာပြီဖြစ်တဲ့ ပညာရေးလုပ်ငန်းတွေကို စတင်ခွင့်ရလာတာလို့လည်း မြောင်မြို့နယ်ပညာရေးကွန်ရက်က ဆိုထားပါတယ်။
မြောင်မြို့နယ် ပညာရေးကွန်ရက်ဟာ NUG ပညာရေးဝန်ကြီးဌာနနဲ့ချိတ်ဆက်ကာ ကြားကာလပညာရေးလုပ်ငန်းတွေကိုဆောင်ရွက်နေတာပါ။
