
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့က စစ်ကောင်စီရဲ့နယ်မြေရဲကင်းတခု မနေ့ညက မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်ပြည်လမ်းဘေးမှာရှိတဲ့ ကျွဲဘိနယ်မြေရဲကင်းမှာ မနေ့ည၈နာရီခွဲလောက်က မီးလောင်ခဲ့တာဖြစ်ပြီးမီးသတ်တပ်ဖွဲ့က လာရောက်ငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
“မီးလောင်ပြီး မကြာလိုက်ဘူး မီးသတ်ကားရောက်လာတယ် ဘယ်ကဘယ်လိုစဖြစ်လဲတော့မသိဘူး သေနတ်သံတွေလည်းကြားတယ်ထွက်တော့မကြည့်ရဲဘူး”လို့အနီးဝန်းကျင်မှာနေထိုင်သူတဦးက ပြောပါတယ်။
အခုအချိန်ထိတော့ အဲဒီရဲကင်းမီးလောင်မူနဲ့ပတ်သက်ပြီး ဘာကြောင့်ဖြစ်တယ် ဘယ်သူလက်ချက်ဖြစ်တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။