
နိုဝင်ဘာလ ၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ သရက်ကန်ကျေးရွာတွင် ပြည်သူ ၃ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်များက ပစ်သတ်သွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
“လယ်ထဲမှာ သူတို့ ၃ ဦး အလုပ်လုပ်နေတဲ့အချိန် စစ်ကောင်စီတပ်သားတွေ ဖြတ်သွားရင်း ပစ်သတ်သွားတာ။ သူတို့သတင်းတွေမှာ PDF ဆိုလို့ သတ်တယ်ဆိုပြီး ရေးထားတာ ဖြန့်နေတာတွေ တွေ့ပါတယ်။ သူ့ဟာသူ လယ်ထဲဆင်းပြီး အလုပ်လုပ်နေကြတာ။ ရွာကလူတွေကတော့ ကြောက်ပြီး ရွာထဲ မဝင်ကြသေးဘူး။ အခြေအနေ စောင့်ကြည့်နေတုန်းပဲ” ဟု သရက်ကန်ကျေးရွာသားတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်တပ်က ပစ်သတ်သွားသူ ၃ ဦးမှာ သရက်ကန်ရွာသား ကိုဖြိုးဝေအောင်၊ ကိုချစ်ကိုနှင့် ခင်ဦးမြို့ပေါ် မြနန္ဒာရပ်ကွက်မှ ကိုရန်နိုင်တို့ဖြစ် ကြောင်း သိရှိရသည်။