
ချင်းပြည်နယ်၊ ၊ တီးတိန်မြို့နယ် အာလွယ်ကျေးရွာ (Aklui khua) နေ ၁ လ အရွယ်ကလေး မွေးကင်းစ ကလေးငယ် အပါအဝင် ကလေး ၃ ဦး၏ မိခင်ကို ခင်ပွန်းဖြစ်သူရှေ့တွင်ပင် စစ်ကောင်စီတပ်သား ၃ ဦးက နိုဝင်ဘာလ ၁၂ ရက်နေ့ညပိုင်း အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့ကြောင်း ကာယကံရှင်မိသားစုကိုကိုးကား၍ ဒေသသတင်းရင်းမြစ် Zalen က သတင်းဖော်ပြသည်။
အာလွယ်ကျေးရွာသည် ကလေးမြို့မှ တီးတိန်ဘက်သွားသည့် ကားလမ်းဘေးတွင်ရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယင်းရွာတွင် အောက်တိုဘာ ၃၀ ရက်နေ့မှ နိုဝင်ဘာ ၁၃ ရက်နေ့ညအထိ စခန်းချခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သားများသည် မုဒိမ်းကျူးလွန်မှုများ မြင့်တက်များပြားလာနေပြီး မကြာသေးမီးကလည်း ရှမ်းပြည်နယ်၊ ကွတ်ခိုင်တွင် အသက် ၆၂ နှစ်အရွယ် အမယ်အိုတစ်ဦးကို စစ်ကောင်စီ၏ဖယ်ခုံတပ်ရင်း ၃၃၆ မှ တပ်သားမင်းမင်းစိုးက မုဒိမ်းကျင့်ခဲ့မှု သက်သေခိုင်လုံ၍ စစ်တပ် ဝန်ခံခဲ့ရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖလွန်ကျေးရွာအုပ်စုမှ အသက် ၆၂ နှစ်အရွယ် အမယ်အို အမျိုးသမီးကြီးတစ်ဦးကို နိုဝင်ဘာ ၇ ရက်နေ့ စစ်ကောင်စီတပ်သားဖြစ်သူ ဖယ်ခုံတပ်ရင်း ၃၃၆ မှ တပ်သားမင်းမင်းစိုးက မုဒိမ်း ကျင့်ခဲ့မှုသည် သက်သေခိုင်လုံ၍ အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန် ဝန်ခံခဲ့သည်။
အလားတူ ဇွန်လ ၁၀ ရက်နေ့ စစ်ကောင်စီ တပ်သားတစ်ဦးသည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာထဲမှ (၁၄)နှစ်အရွယ် သီလရှင်တစ်ပါးကို အဓမ္မပြုကျင့်ခဲ့ပြီး အမှုကို ယနေ့တိုင် တစ်စုံတစ်ရာ ဖြေရှင်းမပြုလုပ်ပေ။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦး