
နိုဝင်ဘာလ ၄ ရက်နေ့ ချင်းပြည် မင်းတပ်မြို့နယ်တွင် တိုက်ပွဲ ၂ နေရာဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၂၅ ဦးခန့် သေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း မင်းတပ် CDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် မြို့အနောက်ဘက် မင်းတပ်-မတူပီလမ်း မိုင်တိုင် ၆ မိုင် အကျော်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် နှင့် CDF-MINDAT တိုက်ပွဲဖြစ်ပြီ CDF-MINDAT ထောင်ထားသော ပဒေသာမိုင်းကြောင့် စစ်ကောင်စီ ၅ ဦး ခန့် ကျဆုံးပြီး ဒဏ်ရာရသူ များလည်းရှိကြောင်း သိရှိရသည်။
ယင်းနေ့တွင်ပင် မင်းတပ်-မတူပီလမ်း မိုင်တိုင် ၄၃ တွင် သံချပ်ကားပါ စစ်ကော်ငစီ ယဉ်တန်းရှည်ကို CDF-MINDAT က နေ့လည် ၂ နာရီခန့်တွင် ရှေ့နောက်ညှပ်တိုက်ရာ စစ်ကောင်စီ ၂၀ ဦးခန့်ကျဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း သိရှိရသည်။
စစ်ကြောင်းအနောက်ဘက်မှ CDF က ဝင်တိုက်သော အခါ စစ်ကောင်စီယာဉ်တန်း၏ နောက်ဆုံးကား ယဉ်မောင်းက ကားကိုမောင်းပြေးသဖြင့် ကားအောက်ဝင်ပုန်းနေသော စစ်ကောင်စီတပ်သားများ အကာအကွယ်မဲ့ပြီး အကျအဆုံးများခြင်းဖြစ်ကြောင်း၊ ယဉ်မောင်းက ကားမောင်းထွက်သွားသဖြင့် ကားအောက်တွင်နေရာယူသော တပ်သားများ ကားနောက်အမှီ အူးယားဖားယား ပြေးလိုက်နေချိန်တွင် CDF-MINDAT ၏ ဝိုင်းဝန်း ပစ်ခတ်မှုကြောင့် အကျဆုံး များခြင်းဖြစ်ကြောင်း သိရှိရသည်။