
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါ- ထီးလင်း ကားလမ်းပိုင်း၊ မောလယ်ကွေ့တွင် အင်အား ၂၀၀ ဝန်းကျင်ပါသော စစ်ကောင်စီ ၅ စီးကို ဂန့်ဂေါ YDF က ကြား ဖြတ်တိုက်ခိုက်ရာ စစ်သား ၂၅ ဦးသေဆုံးပြီး ၂၀ ကျော် ပြင်းထန်ဒဏ်ရာရရှိကြောင်း YDF က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း ၂ နာရီ ၄၀ မိနစ် ဂန့်ဂေါ-ထီးလင်း လမ်းပိုင်း မောလယ်ကွေ့တွင် စစ်ကား ၅ စီး၊ အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကို YDF က မိုင်းများ၊ လက် ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၅ ယောက် သေဆုံးပြီး ၂၀ ကျော် ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း သိရှိရသည်။
“နိုဝင်ဘာ၊၁၉ ရက်နေ့ မနက်အစောပိုင်းက စစ်ခွေးကား ၅စီးဟာ အရင်အသုံး ပြုနေကြ ဂန့်ဂေါ-ရေမျက်နီ လမ်းကို အသုံးမပြုဘဲ မောလယ်လမ်းခွဲဖက်ကနေ ဂန့်ဂေါ ဘက်ကို ပတ်ဝင်လာပါတယ်။ အဲယာဥ်တန်းကို YDF မှ စောင့်ကြိုပြီး မိုင်း လက်ပစ်ဗုံးများ အသုံးပြုပြီး တိုက်ခိုက်ခဲ့” ဟု ဒေသသတင်းရင်းမြစ်ဖြစ်သော Yaw Eagle က ရေးသားဖော်ပြသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်များ။