
ယမန်နေ့ (၁၅) ရက်နေ မနက်ပိုင်းက သေနတ် (၅) ချက်အပစ်ခံရကာ မသေဘဲ ခြေထောက် ရှပ်ထိဒဏ်ရာရသွားသော ဒလံဟု အများကသတ်မှတ်ထားကြသည့် မြသီတာရပ်ကွက်မှ ရာအိမ်မှူး တာဝန်ယူထားသူ ဒေါ်အောင်နန္ဒာဝင်း (ခေါ်) ပူစူးမ သည် ယနေ့မှ စ၍ ရာအိမ်မှူးတာဝန်မှ ရပ်စဲကြောင်း နှုတ်ထွက်စာ တင်လိုက်ပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဒေါ်ပူစူးမသည် ရာအိမ်မှူးတာဝန်ယူထားစဉ်ကာလအတွင်း ပြည်သူအပေါ်မတရားသဖြင့်မလုပ်ဖူးကြောင်းနှင့် ယခုအခါ ၎င်းအိမ်၏ စားဝတ်နေရေး၊ ကျန်းမာရေးအခြေအနေကြောင့် ဆက်လက်တာဝန်မထမ်းဆောင်နိုင်တော့ခြင်းဖြစ်သည်ဟု ၎င်း၏နှုတ်ထွက်စာတွင် ရေးသားဖော်ပြထားသည်။
ဒေါ်အောင်နန္ဒာဝင်း (ခ) မပူစူးမသည် မြသီတာရပ်ကွက်ရှိ နာမည်ကြီး ရာအိမ်မှူးဒလံတစ်ဦးအဖြစ် လူသိများပြီး ယမန့်နေ့က သေနတ် (၅) ချက်ဖြင့် ဝင်ပစ်ခံရကာ အသက်မသေဘဲ ဒဏ်ရာရခဲ့သည်။