
နိုဝင်ဘာ(၁၁)ရက် ညနေပိုင်းက အရာတော်မြို့တွင်းရှိ အကြမ်းဖက်မအလတပ်ဖွဲ့များ တပ်စွဲထားသော မြို့မရဲစခန်းနှင့် မြို့နယ်ထွေအုပ်ရုံးတို့အတွင်းသို့ မိုင်းများပစ်သွင်းခဲ့ပြီး မရှေးမနှောင်းမှာပင် အရာတော်မြို့အရှေ့ဘက် မုံရွာ – ရွှေဘို လမ်းပေါ်ရှိ စခတ(၁၀)တပ်ရင်းတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံပြောက်ကျားတပ်ဖွဲ့များထံမှ သိရသည်။
ယခုတိုက်ခိုက်မှုများကြောင့် အကြမ်းဖက်မအလတပ်ဖွဲ့များထိခိုက်မှုကို မသိရှိရသေးသော်လည်း ကင်းစောင့်နေသောစစ်သားများက ကြောက်လန့်တကြားဖြင့် မကြာခဏဆိုသလို သေနတ်များ ပစ်ဖောက်ခြောက်လှန့်နေခဲ့သည်။