
ရန်ကုန်၊ နိုဝင်ဘာ (၁၃) အာဏာသိမ်းစစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ပရိမ္မစံပြကျေးရွာက Mytelတာဝါတိုင်ကို PDF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ပရိမ္မစံပြကျေးရွာက Mytelတာဝါတိုင်ကို နိုဝင်ဘာ (၁၃) ရက်နေ့က Burmese Guerrilla Force (B.G.F)၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့ ၊ CDSOM အဖွဲ့ နဲ့ Myingyan Ranger အဖွဲ့တွေပူးပေါင်းပြီး ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်တပ်က အုပ်ချုပ်ရေး ဆက်လက်မလည်ပတ်နိုင်ဖို့အတွက် အဓိကဒေါက်တိုင်တွေဖြစ်တဲ့ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို အခုလိုလိုက်လံ ဖျက်ဆီးနေကြတာ ဖြစ်ပါတယ်။