
ဒီကနေ့ နိုဝင်ဘာလ ၁၃ရက်နေ့ မနက် ၈နာရီ ၄၅မိနစ် ဝန်းကျင်ခန့်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထုံးဘိုကုန်းရွာ ဘိုးနတ်တောင်ပေါ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဝင်ရောက်ပစ်ခတ်ပြီးနောက် စခန်းအသိမ်းခံလိုက်ရကြောင်း သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေအားလုံးလွတ်သွားပြီး ဖမ်းခံရတာမျိုး၊ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူးလို့လည်းသိရပါတယ်။