
စစ်ကိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်း၊ ဝမ်းဘဲဂျိုင့်ကျေးရွာအနီးတွင် ခြေလျင်တက်လာသော စစ်ကောင်စီစစ်ကြောင်းကို မိုင်း ၃၅ လုံးခွဲ၍ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦး သေဆုံးသွားပြီး ၃၀ ကျော်ဒဏ်ရာရရှိကြောင်း ပြည်သူတော်လှန်ရေး တပ်မတော်(PRA)မှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကပြောသည်။
ယနေ့နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် (ပုလဲ-ဂန့်ဂေါ)လမ်းမကြီး ဝမ်းဘဲဂျိုင့်ကျေးရွာ အရှေ့ဘက်တွင် စစ်တပ်အင်အား ၈၀ ကျော်ခန့်သည် ခြေကျင်လမ်းလျှောက်စစ်ကြောင်း တက်လာရာ ပြည်သူတော်လှန်ရေး တပ်မတော်(PRA) I Pale PDF-Headquarters နှင့် ဂျိုကာ အဖွဲ့တို့က ပူးပေါင်း၍ ပဒေသာမိုင်း ၃၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၃၄ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိကြောင်း PRA ပြန်ကြားရေးတာဝန်ရှိသူကဆိုသည်။
လက်ရှိတွင် မဟာမိတ်ပူးပေါင်းအဖွဲ့ ၃ ခုမှ တော်လှန်ရေး ရဲဘော်များ တစ်စုံ တစ်ရာ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်သားများ။