
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ပြည်သူ့ဝန်ထမ်းအဖြစ် ပူးပေါင်းလာသူ (၂၀၀) ကျော်ရှိနေပြီဖြစ်တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က ပြောပါတယ်။
စက်တင်ဘာ (၃၀) ရက်နေ့အထိ ပြည်သူ့ဝန်ထမ်းအဖြစ် ပူးပေါင်းလာသူ (၂၄၁) ဦး အထိရှိနေပြီဖြစ်ပြီး အဲ့ဓီထဲမှာ ပညာရေးဌာနက ၈၂.၆ ရာခိုင်နှုန်း၊ကျန်းမာရေးဌာနက ၅.၈ ရာခိုင်နှုန်း၊ ပြည်ထဲရေးဝန်ကြီးဌာနက ၂.၉ ရာခိုင်နှုန်း၊ အခြားဝန်ကြီးဌာနက ၇.၉ ရာခိုင်နှုန်း ပါဝင်နေပါတယ်။
ပြည်သူ့ဝန်ထမ်းအဖြစ်ခံယူလိုတဲ့ ဝန်ထမ်းတွေအနေနဲ့ ထွက်စာနဲ့ အတူစာရင်းပေးပို့နိုင်တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က ပြောပါတယ်။