
စစ်ကောင်စီက ၄င်းတို့လက်အောက်ခံဝန်ထမ်းများ သက်ပြည့်အငြိမ်းစားယူရမယ့် အသက်အား ၂ နှစ် ထပ်တိုးပြီး ၆၂ နှစ် သတ်မှတ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် လမ်းညွှန်ချက်နဲ့ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ သက်ပြည့်အငြိမ်းစားအသက်အား ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။