
လက်တလောပိုင်းတွင် စစ်ကောင်စီတို့သည် မုံးကိုးဒေသသို့ စစ်အင်အားအလုံးအရင်းဖြည့်တင်းပြီး မုံးကိုးအပေါ် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု သိရှိရပါသည်။
ထို့ပြင် online ပေါ်တွင်လည်း “မုံးကိုးတိုက်ပွဲ ကြီး စတင်တော့မည်”ဟု သတင်းများထွက်ပေါ်လာပါသည်။ ထို့ကြောင့် မိမိတို့မီဒီယာမှာလည်း အထက်ဖော်ပြပါ ကိစ္စရပ်နှင့် ပတ်သက်၍ ခဲယဥ်းစွာဖြင့် MNDAA ၏ မုံးကိုးရှေ့တန်း ဒု-ဗျူဟာမှူးကို အင်တာဗျူးခဲ့ပါသည်။
မေး။ ။ မင်္ဂလာပါခင်ဗျား။ အင်တာဗျူးကို ဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ စစ်ကောင်စီတို့ ဟာ မုံးကိုးအပေါ် ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်ရန်အတွက် စစ်အင်အားတွေပြင်ဆင်ထားတယ်လို့ သိရတယ်ဗျ။ ဒါနဲ့ ပတ်သက်ပြီး ခင်ဗျားအနေနဲ့ ဘယ်လိုသဘောထားရှိလဲဗျ။
ဖြေ။ ။ ရှင်းရှင်းလေးပါ။ လာသမျှရန်သူတွေကို သုတ်သင်ချေမှုန်းပစ်မှာပဲ။ စစ်ကောင်စီတို့လာရဲရင် ကျွန်တော်တို့ရဲ့ တပ်စခန်းရှေ့ မြေပြင်တွေဟာ သူတို့ရဲ့ သင်္ချိုင်းဖြစ်စေရပါမယ်။ ကျွန်တော်တို့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်နေကြတာဟာ နှစ်အတော်လေးကြာခဲ့ပါပြီ။ သူတို့ရဲ့ တိုက်ပုံတိုက် နည်း စစ်ရေးပရိယာယ်ကတော့ လူအင်အားအမြောက်အများနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ပရိယာယ်ပါပဲ။ တစ်ဖွဲ့ကျရင် နောက်တစ်ဖွဲ့ က ချက်ချင်းတက်လာကြတယ်။ ကျွန်တော်တို့က လူအင်အားနည်းတယ်ဆိုတော့ တိုက်ပွဲအချိန်ကြာ လာရင် တပ်သားတွေရဲ့ အသက်ဘေးအန္တရာယ်ကို ကာကွယ်ရန်အတွက် တပ်စခန်းတွေမှ ဆုတ်ခွါပေးရပါတယ်။ သို့သော် ယနေ့ဟာ အရင်ကနဲ့မတူတော့ပါဘူး။ မင်းအောင်လှိုင် နိုင်ငံတော်အာဏာသိမ်းယူလိုက်တဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရဲ့ မိသားစုဝင်များမှာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့အတွက်ကြောင့် စစ်ကောင်စီတို့ရဲ့ မတရား သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ထို့အတူ ပြည်တွင်းနိုင်ငံရေးအခြေအနေ နှင့် နိုင်ငံတကာဖိအားတွေကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက စစ်တိုက်ဖို့ စိတ်ဆန္ဒတွေမရှိကြတော့ဘူး။ ကျွန်တော်တို့အပေါ်ထိုးစစ်ဆင်ရန် စေလွှတ်လိုက်တဲ့ တပ်ဖွဲ့ဝင် တော်တော်များများမှာလည်း ထွက်ပြေးကြကုန်ပြီ။ ဆက်လက်ပြီး အာဏာရှင်မင်းအောင်လှိုင်အပေါ် သစ္စာမခံကြတော့ပါဘူး။ လက်တလောပိုင်းမှာ ကျွန်တော်တို့ရဲ့ တပ်စခန်းတစ်ဝိုက်မှာ ကျကျန်နေတဲ့ လက်နက်ခဲယမ်းတွေဟာ စစ်ကောင်စီတပ်တို့ ထွက်ပြေးခဲ့တဲ့ အဓိကသက်သေတွေပါပဲ။
မေး။ ။ လက်ရှိ ဒေသခံ MNDAA ရဲ့ ခံတပ်အခြေအနေကို နည်းနည်းလောက်ပြောပြလို့ရမလားဗျ။
ဖြေ။ ။ စစ်ကောင်စီတပ်တို့မှ အင်အားအလုံးအရင်းဖြည့်တင်းထားသော်လည်း ကျွန်တော်တို့မှာ လာသမျှရန်သူကို တိုက်ထုတ်ချေမှုန်းနိုင်တဲ့ စိတ်ဓာတ်အပြည့်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ခိုင်မာတဲ့တပ်စခန်းများကိုတည်ဆောက် ထားသည့်အပြင် အခြားအရံပရိယာယ်များကိုလည်း ပြင်ဆင်ထားတဲ့အတွက်ကြောင့် မည်သည့်ရန်သူကိုမဆို အမြစ် ပြုတ်ချေမှုန်းနိုင်ပါတယ်။ သူတို့ထိုးစစ်ဆင်လာရဲရင်တော့ ဖောင်းဆိုင်ရှိကျိကျတောင်ကုန်းတစ်ဝိုက်ဟာ သူတို့ရဲ့ သင်္ချိုင်း ဖြစ်စေရမယ်။ ဒါ့အပြင် အကယ်၍ စစ်ကောင်စီတို့က ကျွန်တော်တို့အပေါ်ထိုးစစ်ဆင်ရန်အတွက် အထူးတပ်ဖွဲ့တွေကို မုံးကိုးသို့ စေလွှတ်ခဲ့မည်ဆိုပါက ကျွန်တော်တို့အခြားနေရာကတပ်ဖွဲ့မှ သူတို့ရဲ့ ပြည်မအတွင်းပိုင်းမှာ တိုက်ပွဲဖော်ဆောင်မှာကို မကြောက်ဘူးလား။ နိုင်ငံတစ်ဝှမ်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကလည်း ဒီအခွင့်ကောင်းကိုယူပြီး သူတို့ ရဲ့ဗဟိုကိုဝင်သိမ်းမှာ မကြောက်ဘူးလား။
မေး။ ။ နောက်ဆုံးအနေနဲ့ မုံးကိုးစစ်မြေပြင်ရဲ့ အခြေအနေပြောင်းလဲမှုများကို သုံးသပ်ပေးလို့ရမလားဗျ။
ဖြေ။ ။ စစ်ကောင်စီတို့အနေနဲ့ ကျွန်တော်တို့အပေါ် ဟန်ပြပဲဖြစ်ပါစေ၊ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်မှာပဲ ဖြစ်ပါစေ ကျွန်တော်တို့ အနေနဲ့ နယ်မြေကိုကာကွယ်မဲ့စိတ်ဓာတ်ကတော့ တစက်မှတုန်လှုပ်မှာမဟုတ်ပါဘူး။ တိုက်ပွဲတိုင်းမှာ အောင် မြင်မှုရရှိထားပြီး ဇွဲလုံ့လဝိရိယနှင့် စိတ်ဓတ်ထက်သန်နေတဲ့ ကျွန်တော့်ရဲ့တပ်ဖွဲ့ဝင်တွေဟာ အောင်မြင်မှု တစ်ခုပြီးတစ်ခုကို ဆက်တိုက်ဖော်ဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်အမြဲယုံကြည်ပါတယ်။ ဒီလပိုင်းအတွင်း ဖြစ်ပွားနေတဲ့မုံးကိုးတိုက်ပွဲများမှာ စစ်ကောင်စီတပ်တို့မှာ အမြဲစစ်ရှုံးနေတဲ့အတွက် တပ်ဖွဲ့၀င် တွေက စစ်တိုက်ဖို့ ဆန္ဒလုံးဝမရှိတော့ပါဘူး။ ဒါအပြင် စစ်ကောင်စီခေါင်းဆောင်တို့ရဲ့ ခေတ်ကာလဖွဲ့ဖြိုးတိုးတက် မှုကိုဆန့်ကျင်ခြင်း၊ အာဏာသိမ်းဖို့အတွက် နိုင်ငံတော်မှ ဆယ်စုနှစ်ကျော်အထိ ကြိုးပမ်းခဲ့သော ငြိမ်းချမ်းရေးလမ်းစဥ်ကို ဖျက်ဆီးခြင်းတို့ကြောင့် ပြည်သူလူထု၏ ဆန့်ကျင်တော်လှန်ခြင်းများကိုခံနေရပြီး တပ်တွင်းမှာလည်း မတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရပါတယ်။ ဒါ ကြောင့် သူတို့ မုံးကိုးကိုသိမ်းပိုက်လိုသည့် ရည်ရွယ်ချက်မှာ မအောင်မြင်နိုင်တဲ့အပြင် နောက်ဆုံးမှာ တိုက်ပွဲများဆက်တိုက်ရှုံး ပြီး စစ်ကောင်စီတစ်ခုလုံးမှာလည်း လုံးဝပြိုကွဲသွားမှာဖြစ်ပါတယ်။
ဒီလိုတိုက်ပွဲပြင်းထန်နေတဲ့ကြားက အင်တာဗျူးဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ဗျ။