
အမျိုးသားညီညွတ်ရေးအစိုးရက အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီး နောက်ပိုင်း နိုဝင်ဘာ (၁၁) ရက်ကနေ ဒီဇင်ဘာ (၁၂) ရက်နေ့အထိ တစ်လအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်တော်သား သေဆုံးသူ စုစုပေါင်း (၂၁၁၇) ဦးနဲ့ ထိခိုက်ဒဏ်ရာရှိသူ (၆၈၂) ဦး ရှိခဲ့တယ်လို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ မြန်မာပြည်သူတွေအပေါ် မတရားဖမ်းဆီးသတ်ဖြတ် အကြမ်းဖက်လုပ်ရပ်တွေကို နေ့စဉ်ကျူးလွန်လုပ်ဆောင်နေတဲ့အတွက် ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်မှု ကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံတော်လှန်စစ်ကို မလွှဲသာမရှောင် ဆင်နွှဲနေကြရခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီဘက်တော်သားတွေကို နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အရှိန်အဟုန်မြှင့်ပြီး ပြန်လည်ခုခံတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက အရေးပေါ်အခြေအနေကြေညာပြီး နောက်ပိုင်းမှာ ပြည်သူဘက်သို့ ရဲရဲဝံ့ဝံ့ ရပ်တည်လာကြတဲ့ စစ်သား CDM နဲ့ ရဲ CDM တွေ နေ့စဉ်များပြားနေပါတယ်။