
ရှမ်းပြည်နယ် မိုင်းယောင်းမြို့အခြေစိုက် ခလရ ၃၃၅ တွင် တပ်မတော်၏ တာဝန်ထမ်းဆောင်နေသော တပ်သားမောင် ဟောက်အင်းလျန်း ကိုယ်ပိုင်အမှတ် ၅၁၉၇၀၃ ကိုင်ဆောင်သူသည် ပြည်သူ့ဘက်သို့ ခိုလှုံ၍ ချင်းပြည်နယ်၊ CDF တွန်းဇံတွင် ပူးပေါင်းလာကြောင်း တွန်းဇံ CDF ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုထုတ်ပြန်ချက်အရ သိရှိရသည်။
နိုင်ငံတော်၏အခြေအနေ ယိုယွင်း ပျက်စီးလာမှုကြောင့် မင်းအောင်လှိုင်၏ စစ်တပ်ထဲတွင် တာဝန် မထမ်းဆောင် လိုသောကြောင့်စက်တင်ဘာလ ၇ ရက်နေ့ တွင် အများပြည်သူနှင့်ပူးပေါင်းပြီဖြစ်ကြောင်း၊ နိုဝင်ဘာလ ၂ ရက်နေ့တွင်မူ CDF-Tonzang တပ်ဖွဲ့ထံသို့ ပူးပေါင်းအကြောင်းကြားသတင်းပေးပို့လာသဖြင့် CDF-တွန်းဇံ တပ်ဖွဲ့အနေဖြင့်နွေးထွေးစွာ ကြိုဆိုလက်ခံကြောင်း CDF တွန်းဇံ တပ်ဖွဲ့က ထုတ်ပြန်သည်။