
စစ်ကောင်စီနှင့် MNDAAတို့ ဩဂုတ်လတွင် စတင်ပေါက်ပွားခဲ့သောတိုက်ပွဲမှာ ယခုဆိုလျှင် (၃)လကျော်ကြာမြင့်ပြီဖြစ်ပြီး ဒီကာလအတွင်းတွင် နေ့တိုင်းမပြတ်တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ယခုလ လလယ်ပိုင်းမတိုင်ခင်တွင် စစ်ကောင်စီသည် လက်နက်ကြီးများဖြင့် ကိုးကန့်MNDAAရှိရာ မုံးကိုးခရိုင် ၊ ဖောင်းဆိုင် ကျေးရွာ ၊ မန်ရန်ဒေသနှင့် ရှိကျိကျတောင်တန်းကို ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။
ထို့အတူ စစ်ကောင်စီမှ တပ်မ(၇၇) နှင့်(၉၉)၏ ကြည်းတပ်အင်အားအချို့နှင့်လည်း ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။ သို့သော် စစ်ကောင်စီသည် ဒီတစ်ပတ်အတွင်း၌ ကိုးကန့်MNDAA၏မန်ရန်တပ်စခန်းနှင့် ရှိကျိကျတောင်တန်း ၏ ပစ်ခတ်တိုက်ခိုက်မှုများလျော့နည်းလာပြီး ချင်ချိုင့်ထန်တပ်စခန်းကိုဦးတည်ပြီး ပြင်းထန်စွာ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။
ယမန်နေ့ နံနက် ၁၀ နာရီ ၃၀မိနစ်ခန့်တွင် စစ်ကောင်စီသည် ကိုးကန့်MNDAA မုံးကိုးခရိုင်လုံခြုံရေး တပ်ဖွဲ့ရှိရာ ချင်ချိုင့်ထန်တောင်တန်းတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။
တိုက်ပွဲသည် ညနေ ၁၄ နာရီ ၃၅ မိနစ်မှ ရပ်ဆိုင်းသွားပြီး နှစ်ဖက်၏ စစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေဆဲဖြစ်သည်။ စစ်ကောင်စီသည် နိုဝင်ဘာလ ၂၀ ရက်နေ့မှ ယမန်နေ့အထိ ချင်ချိုင့်ထန်တောင်တန်း၌ ကိုးကန့်MNDAA နှင့် တိုက်ပွဲအကြီးအသေး စုစုပေါင်း (၉)ကြိမ်ဖြစ်ပွားခဲ့သည်။
ယမန်နေ့ နံနက် ၉ နာရီ ၃၂ မိနစ်တွင် စစ်ကောင်စီနှင့် ကိုးကန့်MNDAAသည် မုံးကိုးခရိုင် ၊ မာကြာရွာ ၏ မြောက်ဘက် ကားလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၃)ဦး ဒဏ်ရာရရှိခဲ့သည်။
တစ်ရက်အတွင်း စစ်ကောင်စီသည် ကိုးကန့်MNDAA၏မန်ရန် တပ်စခန်းနှင့် ရှိကျိကျတောင်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သောလက်နက်ကြီး ကျည်စုစုပေါင်းမှာ (၇၀)ကျော်ခန့်ရှိပြီး စက်သေနတ်နှင့်လည်းပစ်ခတ် တိုက်ခိုက်ပါ သည်။
သို့သော် ကြည်းတပ်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမရှိခဲ့ပါ။