
အခုရက်ပိုင်းတွင် စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA(ကိုးကန့်)တို့သည် အထူးဒေသ(၁)၊ မုံးကိုးခရိုင်၌ စစ်ရေးအနည်းငယ်ပြေလျော့လာခဲ့ပါသည်။
သို့သော် စစ်ကောင်စီတို့သည် စစ်ကူများကို အဆက်မပြတ်ဖြည့်တင်းနေသည့်အတွက်ကြောင့် နှစ်ဦးနှစ်ဘက်မှ တိုက်ပွဲအကြီးအကျယ်ဆက်လက်ဖြစ်ပွားလာနိုင်သည်ဟု သုံးသပ်မိပါသည်။
သတင်းအရ ဒီဇင်ဘာလ ၈ရက်နေ့တွင် နမ်ဖာကာမှ (၁၀၅)မိုင် နှင့် ပန်ဆိုင်းသို့ချီတက်လာသော စစ်ကောင်စီ၏ စစ်ကူအဖွဲ့စစ်ကား(၄၃)စီးသည် ယမန်နေ့တွင် မုံးကိုးခရိုင်သို့ရောက်ရှိပြီဖြစ်သည်။
ထို့နောက် စစ်ကောင်စီ၏စစ်ကား(၃၀)စီးသည်လည်း မုံးကိုးခရိုင်မှ ပန်ဆိုင်းဒေသသို့ပြန်လည်ထွက်ခွာခဲ့ပါသည်။
၈ရက်နေ့ည နေ ၁၈နာရီ ၃၀မိနစ်ခန့် စစ်ကောင်စီစစ်ကူအဖွဲ့များ ရှာရှုံးတောင်ကို ကျော်ဖြတ်ခဲ့သောအချိန်တွင် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်)မှ ကြားဖြတ်တိုက်ခိုက်ခဲ့ပါသည်။
တိုက်ပွဲအခြေအနေ အသေးစိတ်မသိရပါ။ ၉ ရက်နေ့ တစ်ရက်လုံးတွင် စစ်ကောင်စီသည် ကိုးကန့်(MNDAA)ရှိရာ မန်ရန်တပ်စခန်းနှင့် ရှိကျိကျ တောင်တန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ စုစုပေါင်းပစ်ခတ်သောလက်နက်ကြီးကျည်သည် (၆၀)ကျော်ခန့် ရှိပါသည်။
ထို့အတူ ဒရုန်းဖြင့် ကိုးကန့်(MNDAA)၏တပ်စခန်းကို ထောက်လှမ်းခဲ့ပါသည်။