
ချင်းတွင်းမြစ်တလျှောက် စုန်ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ၁၁ စီးပါ ရေယာဉ်အုပ်စုကို စစ်ကိုင်းတိုင်းကနီမြို့နယ်၊ ကင်းရွာနှင့် ပဲခင်းမရွာကြားတွင် ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်လုံးကြီး)နှင့် မဟာမိတ် PDF များ ပူးပေါင်းပြီး ယနေ့ ဒီဇင်ဘာလ ၁၀ ရက် နံနက် ၉ နာရီခန့်တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ ရေယာဉ် ၁ စီး မီးစွဲလောင်ပြီး ပဲခင်းမရွာအနီး ရပ်နားနေကြောင်း ကနီ PDF (KLG) အဖွဲ့မှ သတင်းထုတ်ပြန်သည်။
ယင်းအပြင် ဆယ်ရွာချောင်နှင့် တောင်တွင်းချောင်ကြားတွင်လည်း တိုက်ပွဲများပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်အကျအဆုံးများနေကြောင်း ကနီ PDF (ကျောက်လုံးကြီး) အဖွဲ့က ဆိုသည်။