
ဒီနေ့မနက် ၅ နာရီခွဲမှာ ကြို့ပင်ကောက်မြို့က စစ်ဆေးရေးဂိတ်ကို သေနတ်နဲ့ ဝင်ပစ်ခံရပြီး ဒုရဲအုပ်တဦး ဒဏ်ရာရရှိခဲ့လို့ ပြည်ဆေးရုံကြီးကို ပို့လိုက်ရတယ်လို့ ကနဦး သတင်းရရှိထားပါတယ်။
သေနတ်အတိုနဲ့ ဝင်ပစ်သွားတာဖြစ်ပြီး ဒုရဲအုပ် မောင်မောင်တိုးရဲ့ လက်မောင်း ကိုဖောက်ဝင်ပြီး ညာနံကြား ရှပ်ထိသွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အဲ့ဒိတိုက်ခိုက်မှုကို ကြို့ပင်ကောက် PDF က လုပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရမှုဟာ အခုတစ်ခေါက်က ဒုတိယအကြိမ်ဖြစ်ပြီး ပထမတစ်ကြိမ်က ဗုံးခွဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။