
ချင်းတွင်းမြစ်ကြောင်းမှာ စစ်တပ်ထုတ်ကုန် ဘီယာတွေ သယ်လာတဲ့ သံခွင်စက်လှေနှစ်စီးကို ဖမ်းမိပေမယ့် စက်လှေမောင်းဆရာတွေက ပြန်လျော်ပေးရမှာကြောင့် တောင်းပန်လို့ ပြန်လွှတ်ပေးခဲ့တယ်လို့ နှလုံးလှ လူမိုက်ကြီးများအဖွဲ့က ထုတ်ပြန်ပါတယ်။
မြစ်ကြောင်းအတိုင်း စစ်တပ်ပိုင် BOC စက်သုံးဆီတွေ စက်လှေနှစ်စီးနဲ့ သယ်လာတယ်လို့ သတင်းရတာကြောင့် နှလုံးလှ လူမိုက်ကြီးများအဖွဲ့နဲ့ Brothers Revolution Force မြောင်တို့က ကင်းလှည့်စစ်ဆေးခဲ့ချိန် ဖမ်းမိခဲ့တာပါ။
စက်လှေနှစ်စီးကို သေနတ်ပစ်ဖောက် ခြောက်လှန့်ပြီး ကမ်းကိုကပ်စေပြီး စစ်ဆေးရာမှာ စက်သုံးဆီမဟုတ်ဘဲ စစ်တပ်ထုတ်ကုန် မြန်မာဘီယာနဲ့ ဒဂုန်ဘီယာတွေ တင်ဆောင်လာတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဖျက်ဆီးဖို့ ရည်ရွယ်ပေမယ့် စက်လှေမောင်းဆရာက ” အစ်ကိုတို့က စကစပိုင်ပစ္စည်းတွေမလို့ ဖျက်ဆီးမှာဖြစ်ပေမယ့် ခုပစ္စည်းတွေရဲ့ ပျက်စီးတဲ့တန်ဖိုးအတိုင်း ကျွန်တော်တို့က လျော်ပေးရမှာဖြစ်နေလို့ပါဆရာ။ အဲဒါကြောင့် ဒီတစ်ခါ ခွင့်လွှတ်ပါ” လို့တောင်းပန်ခဲ့တယ်လို့ ပြောပါတယ်။
ဒါကြောင့်ရယ် စက်လှေမောင်းဆရာတွေဟာ စစ်တပ်သတင်းပေး၊ ပျူစောထီးတွေ မဟုတ်တာကြောင့် အနည်းငယ်ကိုသာ သတိပေးတဲ့အနေနဲ့ မြစ်ထဲပစ်ချဖျက်ဆီးခဲ့တယ်လို့ နှလုံးလှ လူမိုက်ကြီးများအဖွဲ့က ပြောပါတယ်။