
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အပါအဝင် နိုင်ငံတစ်ဝန်း စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးရုံး အပါအဝင် စစ်တပ်ရုံးများတွင် သဲအိတ်များ ပိုချထား ကာရန်လာပြီး ရဲ စခန်း၊ Mytel ရုံးရှေ့များမှ အမြန် ဆိုင်ကယ်နှင့်ကားများ မောင်းနှင်ခြင်းမပြုနိုင်ရန် အတားအဆီးများစွာ ချထားကြောင်း ဒေသခံများက ပြောဆိုသည်။
မုံရွာမြို့မှ ဒေသခံတစ်ဦးက “သဲအိတ်တွေက Mytel ရုံးရှေ့မှာ ချထားတယ်။ သံဆူးကြိုးဘယ်ရီရာတွေလည်း ချထားတယ်။ ရုံးရှေ့ကနေ အမြန်မောင်းပြောင်းလို့မရအောင်။ ကွေ့ကွေ့ကောက်ကောက်နဲ့ အတားအဆီးတွေ ရှောင်မောင်းရတယ်” ဟု ပြောဆိုသည်။
အလားတူ နိုင်ငံတစ်ဝန်း ရဲစခန်းနှင့် စစ်တပ်များ တပ်စွဲထားသော ရုံးအဆော က် အအုံများတွင်လည်း သဲအိတ်များကို ထပ်မံချထားပြီး ရဲစခန်းရှေ့နှင့် စစ်တပ်တပ်စွဲထား ရုံအဆောက်အအုံများရှေ့တွင် ကတ္တရာပုံးများ ချထားကြောင်း သိရှိရသည်။
“ရဲစခန်းရှေ့ဆိုရင်တော့ ကွေ့ကောက်ပြီးမောင်းရတယ်။ ခုံတွေရော သံဆူးကြိုး ဘယ်ရီရာတွေရော။ တဖြောင့်တည်း မောင်းမရဘူး” ဟု ရန်ကုန်ဒေသခံတစ်ဦးက ပြောသည်။