
အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ တော်လှန်ပြည်သူများသည် ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် ၄၀၇ ရက်မြောက် ရွာပေါင်းစုံ သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ဆန္ဒပြကြသည်။
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ အဆိုအမိန့် တခုဖြစ်သည့် ‘စစ်တပ်ကျေးဇူး၊ မူးလို့တောင် ရှူစရာမရှိ’ စာသားပါ ဘန်နာကိုင်ဆောင်ပြီး အပြာရောင် အင်္ကျီများဝတ်ဆင်ကာ ဆန္ဒပြကြောင်း သိရှိရသည်။

