
ဆက်သွယ်ရေးပိုင်း Data Operator တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတစ်ယောက် Fox Army-HPDF နဲ့ ဆက်သွယ်ချိတ်ဆက်ပြီး CDM လုပ်လာတယ်လို့ အဲဒီတပ်ဖွဲ့က ဒီကနေ့ နိုဝင်ဘာ ၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
CDM စစ်သားကို Fox Army-HPDF က CDM အဖွဲ့ဝင်တွေနဲ့ ထပ်ဆင့်ချိတ်ဆက်ပေးပြီး ဘေးကင်းလုံခြုံရာ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးထားပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အထက်မြန်မာပြည် ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်အင်အား (မူရင်း စစ်ခွေးဟု သုံးနှုန်း) ၄၀၀၀ ခန့်သာ ကျန်ရှိကြောင်းနဲ့ ထွက်ပြေးချင်သူတွေလည်း ကျန်ရှိနေသေးကြောင်း CDM စစ်သားကို ကိုးကားပြီး ပြောပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ထွက်မပြေးနိုင်သူတွေလည်း စိတ်ဓာတ်ကျနေကြသလို မူးယစ်ဆေးဝါး သုံးစွဲနေကြပြီး ရတဲ့လခ တစ်သိန်းခွဲကျော်လည်း စားဝတ်နေရေး မဖူလုံတော့တဲ့ အခြေအနေတွေဖြစ်နေတယ်လို့လည်း ဖော်ပြပါတယ်။