
ယနေ့ ဒီဇင်ဘာလ ၁ဝရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြောက်ယမားတံတား မြောက်ဘက် အောင်ဇေယျ မြို့သစ် (အကျိုးအပဲ့ကုန်း)မှ မုံရွာ-ပုသိမ် လမ်းမအတိုင်း ခြေလျင် ဆင်းလာသည့် စစ်သား ၇ဝဦးပါ စစ်ကြောင်းနှင့် ကား (၂)စီးကို Regional FriendFighter(RFF) ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၂ဝဦးသေဆုံးကြောင်း ဒေသသခံပြည်သူများနှင့် RFF အဖွဲ့ထံမှ သိရသည်။
“ခွေး ၂ဝ သေတာ အတည်ပြုနိုင်ပါတယ်။ ခရီးသွားတွေ့တဲ့ သူတွေလည်း အတည်ပြုပြောပါတယ်။ ခွေးသေတွေကို အကုန် စစ်ကားပေါ်တင်သွားတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် Regional FriendFighter(RFF) ပြောက်ကျားတပ်ဖွဲ့ ပုသိမ်-မုံရွာ လမ်းဘေးရှိ ၂၈ ရဲတပ်ရင်းကိုလည်း မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေးဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း RFF အဖွဲ့က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ခြေလျင်တက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မိုင်းဆွဲခံရသည့်နေရာ