
ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက် ည ၇ နာရီတွင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် အနောက်ကမ်းဖြူရွာ အနီးရှိ မိုင်တဲ တာဝါတိုင်ကို ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း King Fighter SGF အဖွဲ့ဝင် တစ်ဦးက ပြောသည်။
” ရွာနဲ့ အရမ်းနီးနေလို့ မိုင်း မခွဲခဲ့ဘူး။ လက်ပစ်ဗုံး တစ်လုံးပဲ ပစ်လိုက်တာ။ ရွာမှာက သက်ကြီး ရွယ်အိုတွေ နှလုံးရောဂါသမားတွေ ရှိလို့ “ဟု ၎င်းက ပြောသည်။
ယခုလုပ်ဆောင်မှုသည် လေးကြိမ်မြောက် ဖောက်ခွဲမှုဖြစ်သည်ဟု ၎င်းကဆိုသည်။
ပေါက်မြို့နယ် ထန်းတောဦးရွာ အနီး၌ စက်တင်ဘာ ၇ ရက်တွင် ပထမအကြိမ် ဖောက်ခွဲခဲ့ပြီး ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၉ ရက်တွင် ပေါက်မြို့နယ် ဘိုကုန်းရွာအနီး ဖောက်ခွဲခဲ့သည်ဟု ဆိုသည်။
တတိယအကြိမ် အဖြစ် ဆိပ်ဖြူမြို့နယ် အင်းဂံကျေးရွာအနီး တာဝါတိုင်ကို အောက်တိုဘာ ၃၁ ရက်တွင် ဖောက်ခွဲခဲ့သည်။