
တနင်္သာရီမြို့နယ်၊ တကူကျေးရွာက ကော်တောရပ်ကွက်မှာရှိတဲ့ စစ်တပ်ပိုင်ရော်ဘာခြံက အလုပ်ရုံမီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ခြေမြန်တပ်ရင်း ၅၆၁ ပိုင် ရော်ဘာခြံက အလုပ်ရုံကို နိုဝင်ဘာလ ၂၁ ရက် ညနေ ၄ နာရီအချိန်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တနင်္သာရီမြို့နယ်ရှိ ပြောက်ကျားတပ်ဖွဲ့တစ်ခုထံကနေ သိရပါတယ်။
နောက်နောင်မှာလည်း စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို ဖြိုချသွားမယ်လို့လည်း အဲဒီအဖွဲ့က ဆိုပါတယ်။