မကွေးတိုင်း ၊ ကမ္မအခြေစိုက်ဖြစ်တဲ့ People’s Defense Force – Kamma တပ်ဖွဲ့ဟာ စခန်းတွင်း စားနပ်ရိက္ခာ အထောက်အပံ့ဖြစ်စေရေး ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးထားတယ်လို့ တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
အဆိုပါစိုက်ခင်းထဲမှာ ခရမ်း၊ ခရမ်းချဥ်၊ ပဲသီး၊ ပြောင်း၊ ရုံးပတီသီး ငရုတ်၊ ချဉ်ပေါင်၊ ကန်စွန်း၊ ဘူး စတဲ့အပင်တွေကို တဧကခွဲလောက်စိုက်ပျိုးထားတာလို့ People’s Defense Force – Kamma တပ်ဖွဲ့မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“တချို့မျိုးစေ့က ပြည်သူကလှူတယ်။ တချို့ကကျ ဝယ်ရတာပေါ့၊ တော်လှန်ရေးကာလအတွင်း စားနပ်ရိက္ခာ မပြတ်စဲဖို့အတွက် စိုက်ထားတာပါ ” လို့ ဆိုပါတယ်။
စိုက်ပျိုးထားတဲ့ သီးနှံတွေထဲမှာ ပဲသီး၊ ချဉ်ပေါင်၊ ကန်စွန်း၊ ရုံးပတီသီးတွေကတော့ ရိက္ခာအဖြစ် စားသုံးလို့ရရှိနေပြီလို့ သိရပါတယ်။