
စစ်ကိုင်းတိုင်း တမူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံမှာ တာ၀န်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေဟာ တမူးPDF ကို အလှူငွေကျပ်(၁၀)သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
တမူးPDF တပ်ရင်း (၁)၊ တပ်ခွဲ(၃) ကျောင်းသားတပ်ခွဲ(BSO)အတွက်လိုအပ်တဲ့ လက်နက်၊ခဲယမ်း ၀ယ်ယူနိုင်ဖို့ ဒီကနေ့ နို၀င်ဘာ(၁၆)ရက်နေ့မှာ လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တမူးမြို့နယ် ထွေ၊အုပ်ရုံးက အလှူငွေထည့်၀င်ခဲ့တဲ့အဖွဲ့ဟာ လက်ရှိ ရုံးတက်နေသူတွေဖြစ်ပြီး စကစရဲ့ လှုပ်ရှားမှုသတင်းတွေ ကို နယ်မြေခံ PDF တွေထံ သတင်းပေးပို့ပေးနေသူတွေဖြစ်တယ်လို့ ခိုင်မာတဲ့သတင်းရင်းမြစ်တစ်ယောက်က ပြောပြပါတယ်။