
အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီကို ပြည်သူ့ခုခံစစ်အနေနဲ့ ခုခံဆင်နွှဲနေသော ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း) ၏ထုတ်ပြန်ကြေညာချက်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ရပါသည်။
ရက်စွဲ။ ။ ၉ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၁ခုနှစ်။
“ယင်းမာပင်မြို့နယ်၊ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့” သည် ပူးပေါင်းအင်အား တပ်ဖွဲ့များ ဖြစ်သည့် “BETငညိုပြောက်ကျားတပ်ဖွဲ့ ၊ ဗျတ္တညီနောင်ပြောက်ကျားတပ်ဖွဲ့၊ မြွေဟောက်ပြောက်ကျား တပ်ဖွဲ့၊ ကိုယ်ထူကိုယ်ထဗိုလ်စက္က ပြောက်ကျားတပ်ဖွဲ့၊ Golden Triple Force (GTF) ပြောက်ကျားတပ်ဖွဲ့၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)” တို့နှင့်အတူ တည်နေရာ- ယင်းမာပင်မြို့နယ်၊ အင်ကြင်းတောင်လမ်းခွဲ၊ ယနေ့ (၉-၁၂-၂၀၂၁) ရက်နေ့၊ အချိန်-၀၉:၃၀နာရီ (နံနက်ပိုင်း)တွင် အကြမ်းဖက်စကစယာဉ်တန်းကို မိုင်း (၁၁) လုံး ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
မိမိတို့ ပြည်သူ့ဘက်တော်သားများဘက်မှ အထိအခိုက်မရှိဘဲ အကြမ်းဖက် စစ်ကောင်စီဘက်မှ “စစ်ဗိုလ်တစ်ဦးအပါအဝင် စစ်သား(၁၀)ဦး” သေဆုံးကာ စစ်ကားနှစ်စီး ထိခိုက်ပျက်ဆီးခဲ့ပြီး ဆုတ်ခွာသွားခဲ့သည်။
“အရေးတော်ပုံ … အောင်ရမည်။ အောင်ရမည်။ အောင်ကိုအောင်ရမည်။”
တပ်ဖွဲ့ခေါင်းဆောင်
ဗဟိုကော်မတီ (ကိုယ်စား)
ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း)