
အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီကို ပြည်သူ့ခုခံစစ်အနေနဲ့ ခုခံဆင်နွှဲနေသော CDF (Kanpetlet) ၏ထုတ်ပြန်ကြေညာချက်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ရပါသည်။
ယနေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဆောမြို့နယ်အတွင်းရှိ ကျင်းလိန်ရွာနှင့်တောမရွာအကြားတွင်CDF (Kanpetlet)၊CDF(Mindat)၊YDF၊PDF.Saw ပူးပေါင်းပြီးအကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့်နံနက် 8 နာရီအချိန်မှစ၍တိုက်ပွဲ ပြင်းထန်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီဖက်မှအနည်းဆုံး ၄၀ ခန့်ကျဆုံးပြီးထိခိုက်ဒဏ်ရာရသူများလည်းအများအပြားရှိသည်။
ထို့သို့အထိနာနေသောအကြမ်းဖက်စစ်ကောင်စီသည် နေ့ခင်း ၁၂ နာရီခန့်တွင် လေကြောင်းရဟတ်ယဥ်အသုံးပြုပြီးတစ်နာရီကြာခန့်ရဟတ်ယာဥ်နှစ်စီးကိုတစ်လှည့်စီအသုံးပြုပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။
သို့ရာတွင် CDF ရဲဘော်များနှင့်YDFရဲဘော်များသည်တစ်စုံတစ်ရာထိလိုက်မှုမရှိသော်လည်းPDF.Sawအဖွဲ့မှ တစ်ဦးဒဏ်ရာပြင်းထန်နှင့်တစ်ဦးကျဆုံးခဲ့ပါသည်။
နေ့လည်တစ်နာရီအချိန်ခန့်မှစပြီးကန်ပက်လက်မြို့တွင်းတွင်လည်းCDF(Kanpetlet)အဖွဲ့နှင့်အကြမ်းဖက်စစ်ကောင်စီအဖွဲ့အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီဖက်မှ သုံးဦးငရဲသို့ပို့ဆောင်နိုင်ခဲ့ပါသည်။
၁၅.၁၁.၂၀၂၂ နေ့တွင်လည်းအကြမ်းဖက်စစ်ကောင်စီတစ်ဦးကိုCDF(Kanpetlet)ရဲဘော်တစ်ဦးမှမော်တော်ဆိုင်ကယ်ဖြင့်အရှိန်ပြင်းစွာဝင်တိုက်ခိုက်ပြီးအကြမ်းဖက်စကစ တစ်ကောင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသတင်းထုတ်ပြန်လိုက်သည်။