
အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီကို ပြည်သူ့ခုခံစစ်အနေနဲ့ ခုခံဆင်နွှဲနေသော ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း) ၏ထုတ်ပြန်ကြေညာချက်ကို မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ရပါသည်။
ရက်စွဲ။ ။ ၈ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၁ခုနှစ်။
ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း) ၏ “ပြည်သူ့သွေးကြွေး” ပြောက်ကျား စစ်ဆင်ရေးတွင် နေရာ-မုံရွာမြို့တောင်ဘက် မြို့အဝင်မုဒ်ဦးရှိ စကစတပ်စခန်းကို စစ်ဆင်ရေးပစ်မှတ် အဖြစ် သတ်မှတ်ကာ အချိန်- ၀၄:၅၅နာရီ (ယနေ့နံနက် ၄နာရီ ၅၅မိနစ်)တွင် ချိန်ကိုက်ဖောက်ခွဲရေး နှင့် အလစ်အငိုက် လျပ်တပြတ်ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စကစဘက်မှ စခ-၃ဦး သေဆုံးခဲ့သည်။
ကျွန်ုပ်တို့အနေဖြင့် DGF(L.C)၏ ယနေ့စစ်ဆင်ရေးသည် စကစအကြမ်းဖက်စစ်တပ်၏ ဒီဇင်ဘာ-၅ ရက်နေ့ ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် လက်နက်မဲ့ဆန္ဒပြပြည်သူများ အား အကြင်နာတရားမဲ့ ကားနှင့်တိုက်သတ်ဖြတ်မှု နှင့် ဒီဇင်ဘာ-၇ရက်နေ့ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာတွင် လက်နက်မဲ့ပြည်သူ-၁၁ဦးအား မီးရှို့သတ်ဖြတ်မှုတို့အတွက် ရည်စူး၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“အရေးတော်ပုံ … အောင်ရမည်။ အောင်ရမည်။ အောင်ကိုအောင်ရမည်။”
တပ်ဖွဲ့ခေါင်းဆောင်ဗဟိုကော်မတီ (ကိုယ်စား)
ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း)